Thursday 9 July 2020
သင္မသိေသးတဲ့Mr.Beanအေၾကာင္း|သင်မသိသေးတဲ့Mr.Beanအကြောင်း
[Zawgyi](Unicodeဖြင့်အောက်တွင်ဖတ်ပါ)
ထက်ပိုများပါတယ်။
@C.Leion
[Unicode]
"သင်မသိသေးတဲ့Mr Beanအကြောင်း''
Mr bean(သို့မဟုတ်)Rowan AtkinsonဟာJanuary6ရက်1995ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့ဟာသသရုပ်ဆောင်အဖြစ်ကမ်ဘာတစ်ဝှမ်းမှာနာမည်ကြီးပါတယ်။အမြဲတမ်းပြောင်စက်စက်မျက်နှာနဲ့ကြည့်ရှူသူတွေကိုပျော်ရွှင်မှုတွေပေးခဲ့တဲ့Mr.Beanကိုတော့လူတိုင်းမုန်းတဲ့သူရှိမှာမဟုတ်ပါဘူး။Rowan Atkinsonသရုပ်ဆောင်တဲ့ဒီMr.Beanဇာတ်သရုပ်မှာသင်မသိသေးတဲ့အရာတွေရှိပါတယ်။ဒါတွေကိုC.Leion's Stories Pageကနေဖော်ပြပေးလိုက်ပါတယ်။
(1)Mr.BeanဟာTelevision showတစ်ခုကနေစခဲ့တာပါ။
Rowan Atkinsonဟာသူ ့ရဲ့ဇာတ်ကောင်Mr.Beanကို January  1ရက်နေ့မှာစတင်ပြီးတော့England'sITVမှာစတင်ပြသခဲ့ပြီးတော့တစ်ဖက်မှာသူရဲ့ပညာရေးဖြစ်တဲ့Electrical Engineer masterတန်းကိုတတ်ရောက်ခဲ့ပါတယ်။သူဟာMr.Beanဇာတ်ကောင်ကိုရာစုနှစ်တစ်ခုထိအောင်မရိုးမအီအောင်ထိန်းထားနိုင်ပါတယ်။ဒါ့အပြင်သူဟာသူ ့ရဲ ့ဇာတ်လမ်းကိုလည်း5minနဲ့အပြီးရေးခဲ့တာပါလို့ဆိုပါတယ်။တစ်ခါတစ်လေသူဟာမှန်ရှေ ့မှာရပ်ပြီးရီစရာပြောင်စပ်စပ်မျက်နှာတွေလည်းလုပ်တတ်ပါတယ်လို့ဆိုပါတယ်။
(2)Mr.Bean seriesမှာEpisode14ခုထုတ်လုပ်ခဲ့ပါတယ်။
Rowan AtkinsonဟာMr.Bean animationကာတွန်းကိုများစွာထုတ်လုပ်ခဲ့ပေမဲ့ Live actionမှာတော့14ခုသာထုတ်လုပ်ခဲ့ပါတယ်။သို့ပေမဲ့သူဟာစာအုပ်တွေနဲ့ဂိမ်းတွေကိုထုတ်လုပ်ခဲ့ပါသေးတယ်။
(3)Mr.Beanကိုထုတ်လွှင့်တဲ့နိုင်ငံပေါင်း200ခန့်ရှိပါတယ်။
Mr.Bean seriesဟာတခြားဟာသseriesတွေလိုဘာသာပြန်စရာမလိုပဲစကားပြောမရှိသလောက်နည်းတာမို့လူတိုင်းကနားလည်ပြီးနိုင်ငံတိုင်းလိုလိုကဒီseriesကိုထုတ်လွှင့်ခဲ့ပါတယ်။Rowan Atkinsonဟာ''Mr.Beanဇာတ်ရုပ်ကိုမုန်းတဲ့သူမရှိဘူးလို့ယုံကြည်ပါတယ်လို့ပြောခဲ့ပါတယ်။''
(4)Mr.Beanဟာတကယ်တမ်းသူ့နားရွက်တွေကိုမထိပဲလှုပ်ရှားနိုင်ပါတယ်။
Mr.Beanရဲ့ဂန္တဝင်ဇာတ်ကားတစ်ခုဖြစ်တဲ့Mr.Bean'sHolidayဇာတ်ကားကိုPromoteလုပ်တုန်းကABCသတင်းဋ္ဌာနကRowan Atkinsonကို''နားတွေကိုတကယ်မထိပဲလှုပ်နိုင်တာလား''လို့မေးခဲ့ပါတယ်။ဒါကိုRowanက''ဒါပေါ့...လှုပ်နိုင်တယ်''ဆိုပြီးဖြေခဲ့ပါတယ်။
(5)RowanကMr.Beanဟာစိတ်ထင်သလိုပြုမှုတတ်တယ်လို့ပြောခဲ့ပါတယ်။
RowanကMr.Beanဟာကလေးစိတ်နဲ့လူကြီးတစ်ယောက်နဲ့တူပါတယ်လို့ပြောခဲ့ပါတယ်။ဘာလို့လဲ့ဆိုတော့သူဟာသူအဆင်ပြေဖို့အတွက်သာစဉ်းစားပြီးတခြားသူဘာဖြစ်ဖြစ်မစဉ်စားပါဘူး။သူဟာသူ ့ကိုယ်သူဗဟိုပြီးတော့သူလိုချင်တာရဖို့ကိုဘာကိုမှမစဉ်းစားတတ်ပါဘူး။အဲ့လိုသူ့စိတ်ထဲရှိတာတွေလုပ်ပြီးတလွဲတချော်တွေဖြစ်တာကိုတခြားသူတွေနဲ့မတူပဲလူတိုင်းကိုဟာဒယတွေဖြစ်စေပါတယ်။
(6)Mr.Beanဆိုတဲ့နာမည်ကိုစဉ်းစားခဲ့ပုံ
Mr.Beanဆိုပြီးဖြစ်မလာခင်တုန်းကMr.Whiteဆိုတဲ့နာမည်ကိုယာယီသုံးခဲ့ပါတယ်။သို့ပေမဲ့Tv showစီစဉ်သူတွေကစနောက်ပြီးအသီအရွှက်နာမည်တွေလျှောက်ပေးရင်နဲ့Mr.Beanဆိုတဲ့နာမည်ကိုတွေးမိပြီးအတည်ယူခဲ့တာပါ။Beanရဲ့မြန်မာလိုအဓိပ္ပါယ်ကပဲစေ့ဖြစ်ပါတယ်။
(7)Mr.Beanရဲ့အ​ရှေ ့နာမည်
Mr Beanရဲ့အရှေ့နာမည်ကိုသတိထားမိတဲ့လူအနည်းငယ်သာရှိပါတယ်။တကယ်တမ်းMr Beanရဲ့အရှေ့နာမည်က Mrဖြစ်ပြီးသူ့ကိုနာမည်အပြည့်အစုံနဲ့ခေါ်ရင် Mr Mr Beanဖြစ်နေမှာပါ။
(8)ငယ်ငယ်လေးတုန်းကအခက်အခဲကိုသရုပ်ဆောင်တဲ့အခါသုံးခဲ့ပါတယ်။
Rowan Atkinsonဟာသူငယ်ငယ်တုန်းကစကား​ပြောရာမှာအရမ်းထစ်ခဲ့လို့လှောင်ပြောင်ခံခဲ့ရဖူးပါတယ်။ဒါကိုသူကသူ့ရဲ့ဇာတ်ကောင်Mr Beanမှာထည့်ပြီးအသုံးချခဲ့ပါတယ်။
(9)တခြားCeleတွေထက်ပိုကျော်ကြားတဲ့Mr.Bean
Mr.BeanဟာFacebookမှာfollower80,000,000ရှိပါတယ်။အဲ့ပမာဏာကWill Smithတို့Taylor Swiftတို့ထက်ပိုများပါတယ်။
(10)Mr.Bean's HolidayထဲကRowanရဲ့သမီး
2007ခုနှစ်မှာထွက်ခဲ့တဲ့Mr.Bean's Holidayဟာဝင်ငွေ229Millionရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာRowanဟာသူ ့ရဲ့သမီးဇာတ်လမ်းတစ်ဖြတ်စာလောက်ထည့်ရိုက်ခဲ့ပါတယ်။
(11)Mr.Beanအဖြစ်ကနေ2012မှာအနားယူခဲ့ပါတယ်။
RowanဟာMr.Beanအဖြစ်နှစ်ပေါင်းများစွာသရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့Mr.Beanအဖြစ်ကနေအနားယူသွားပါတယ်။သို့ပေမဲ့သူဟာAnimated Mr.Bean seriesတွေမှာအသံသရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။ဒီလိုနှစ်တွေအကြာကြီးဟာသတွေလုပ်ပြခဲတဲ့Rowan Atkinsonခေါ်Mr.Beanဟာလူတိုင်းရဲ့ရင်ထဲမှာအမြဲတမ်းရှိနေမှာကတော့အ​သေချာပဲဖြစ်ပါတယ်။
@C.Leion
Disqus Comments