Wednesday 1 July 2020

Wendigoဆိုတဲ့သတၱဝါ​ေတြတစ္ကယ္႐ွိ​ေနတာလား?​။


[Zawgyi]
     Wendigo​ေတြဟာ ဒ႑ာရီလာ​ ​ေၾကာက္စရာ​ေကာင္းတဲ့
သတၱဝါဆိုး​ေတြျဖစ္ပါတယ္။Wendigo​ေတြဟာ မူလအ​ေမရိကန္
​ေတြျဖစ္တဲ့ Algonquian​မွာစတင္​ေပၚ​ေပါက္လာတာျဖစ္ၿပီး​ေတာ့
သူတို႔ဟာ လူသား​ေတြကိုစားၿပီး​ေတာ့ ၾကမ္းတမ္းတဲ့​ေဆာင္းတြင္းဒဏ္
ကိုခို​ေအာင္းရပါတယ္။Wendigo​ေတြဟာ ဝက္ဝံေတြလိုပါပဲ ​ေဆာင္း
တြင္းမွာ အျပင္ထြက္​ေလ့မ႐ွိပါဘူး။ဒီဒ႑ာရီလာWendigo​ေတြက
တစ္ကယ္ပဲ႐ွိတာလား။ဒီအ​ေၾကာင္းကို​ေျပာရင္​ေတာ့ Wendigo
​ေတြဘယ္လိုျဖစ္လာလဲဆိုတာကိုသိမွျဖစ္မွာပါ။ဒါ​ေပမဲ့ Wendigo
​ေတြဘယ္လိုျဖစ္လာလဲဆိုတာတာနဲ႔ပတ္သတ္ၿပီး​ေကာလဟာလ​ေတြ
နဲ႔အမွန္တရားကဖံုးကြယ္​ေနပါတယ္။

ပထမဆံုးယံုရ​ေလာက္တဲ့Wendigoဒ႑ာရီဟာ မုဆိုးတစ္​ေယာက္
အမဲလိုက္ထြက္ရာက​ေနစပါတယ္။မုဆိုးတစ္​ေယာက္ဟာ​ေအးခဲ​ေနတဲ့
​ေဆာင္းတြင္းႀကီးမွာအမဲလိုက္ထြက္ရာက​ေန သူဟာ​ေတာထဲမွာ​လမ္း
​ေပ်ာက္သြားခဲ့ပါတယ္။သူကဆာ​ေလာင္မႈဒဏ္နဲ႔အ​ေအးဒဏ္ကိုမခံႏိုင္
​ေတာ့ပဲအသိစိတ္​ေပ်ာက္သြားရာက​ေန အသားအစိမ္းစားသတၱဝါျဖစ္
လာခဲ့ပါတယ္။အဲ့လို႐ွင္သန္ရာက​ေန ​ေတာထဲကို​ေရာက္လာတဲ့လူတိုင္း
ကိုစား​ေသာက္ပစ္ၿပီး​ေတာ့ လူပံုစံက​ေနသတၱဝါဆိုးတစ္​ေကာင္ပံုစံ
​ေျပာင္းလဲသြားပါတယ္။

​ေနာက္ထပ္Wedigoဒ႑ာရီက​ေတာ့ စစ္သည္တစ္​ေယာက္ဟာ 
စစ္ပြဲႏိုက္ဖို႔အတြက္ သူ႔ကိုယ္သူWendigoတစ္​ေကာင္အျဖစ္​ေျပာင္း
လဲဖို႔ နတ္ဆိုးတစ္​ေကာင္နဲ႔အ​ေပးအယူလုပ္ခဲ့ပါတယ္။စစ္ပြဲႏိုင္သြားတဲ့
အခါမွာ​ေတာ့ အဲ့ဒီWedigoကို တိုင္းျပည္က​ေနႏွင္ထုတ္လိုက္ပါတယ္။နတ္ဆိူးနဲ႔အ​ေပးအယူလုပ္ခဲ့တဲ့Wendigoဟာဆိုရင္လည္း သူ႔ရဲ႕ဝိဥာဥ္ကိုနတ္ဆိုးကို​ေပးလိုက္ရတာ​ေၾကာင့္ လူ ့စိတ္မ႐ွိတဲ့အ​႐ိုင္းအစိုင္း​သတၱဝါအျဖစ္​ေျပာင္းလဲသြားပါတယ္။

Wendigoဒ႑ာရီ​ေတြဟာအမ်ိဳးမ်ိဳးကြဲပါးလ်က္႐ွိ​ေပမဲ့ဒီႏွစ္ခုဟာ
အ​ေက်ာ္ၾကားဆံုးျဖစ္ပါတယ္။တစ္ခ်ိဳ႕​ေတြဟာ Wendigo​ေတြ
က ႏွင္းလူမ်ိဳးစိတ္နဲ႔စပ္ဆက္တယ္လို႔​ေျပာၾက​ေပးမဲ့ တစ္ခ်ိဳ႕က​ေတာ့
သမန္းဝံပု​ေလြ​ေတြမ်ိဳးစိတ္လို႔​ေျပာၾကပါတယ္။Wendigo​ေတြကို
အ​ေမရိကန္၊Algonquians၊Iroquoisတစ္ဝႈိက္မွာ​ေတြ႐ွိခဲ့ရ
တယ္လို႔သိရပါတယ္။အဲ့ထဲကမွာလူတစ္ခ်ိဳ ့ကStonecoatလို႔​ေခၚ
တဲ့ဝက္ဝံကို Wendigoနဲ႔မွားၿပီးသိ​ေနတာမ်ိဳးလည္း႐ွိပါတယ္။

Wendigoရဲအဓိပၸါယ္က​ေတာ့ လူ​ေတြကိုစားတဲ့မ​ေကာင္းဆိုးဝါး
ဝိဥာဥ္လို႔အဓိပၸါယ္ရပါတယ္။​ေနာက္ၿပီး​ေတာ့ Wendigo​ေတြရဲ႕
ခႏၶာကိုယ္ဟာ ဘယ္​ေလာက္စားစားမဝတဲ့ ပိန္လွီတဲ့ခႏၶာကိုယ္​ေတြ
ျဖစ္​ေနတာကို သတိထားမယ္ထင္ပါတယ္။ဒါ​ေပမဲ့ Wendigo
​ေတြဟာ အျမဲဆာ​ေလာင္​ေနတဲ့သတၱဝါျဖစ္ပါတယ္။သူတို႔ဟာလ်င္ျမန္
ၿပီး႐ွည္လ်ားတဲ့အစြယ္​ေတြ႐ွိပါတယ္။

Wendigo​ေတြကတိုက္ခိုက္တယ္လို႔ယူဆရတဲ့အမႈ​ေတြလည္းမ်ား
စြာ႐ွိပါတယ္။နီးနီးစပ္စပ္​ေျပာရရင္ 20ရာစုအစပိုင္းႏွစ္တစ္ႏွစ္မွာ
Jack Fiddledဆိုသူဟာမိန္းမတစ္ဦးကိုသတ္ဖို႔ႀကိဳးစားမႈနဲ႔
အဖမ္းခံရပါတယ္။ထိုသူရဲ႕အသက္က87ႏွစ္႐ွိၿပီျဖစ္ၿပီး​ေတာ့
သူ ့က အဲ့ဒီမိန္းမဟာ မ​ေကာင္းဆိုးဝါးဝိဥာဥ္ဝင္ပူးခံထားရတဲ့
Wendigoျဖစ္တယ္လို႔ထြက္ဆိုခဲ့ပါတယ္။Fiddlerကသူဟာ
Wendigo 13​ေကာင္သတ္ခဲ့တယ္လို႔လည္း​ေျပာခဲ့ပါ​တယ္။

ယံုၾကည္သူ​ေတြက​ေတာ့ Wendigo​ေတြဟာယ​ေန႔အခ်ိန္ထိ​ေတာ
​ေတြထဲမွာ႐ွိ​ေန​ေသးတယ္လို႔​ေျပာၾကပါတယ္။သူတို႔ဟာတစ္ခ်ိန္ကလူ
သားျဖစ္ခဲ့​ေပမဲ့ ဆာ​ေလာင္​ေနတဲ့သားရဲတိရိ စၦာန္အျဖစ္​ေျပာင္းလဲ
သြားၿပီး သား​ေကာင္ကိုဖမ္းဖို႔တစ္​ေနရာမွအျမဲ​ေစာင့္​ေနလ်က္႐ွိပါတယ္။
@C.Leion
______________________________________

[Unicode]
     Wendigo​တွေက ဒဏ္႑ာရီလာ​ ​ကြောက်စရာ​ကောင်းတဲ့
သတ္တဝါဆိုး​တွေဖြစ်ပါတယ်။Wendigo​တွေဟာ မူလအ​မေရိကန်
​တွေဖြစ်တဲ့ Algonquian​မှာစတင်​ပေါ်​ပေါက်လာတာဖြစ်ပြီး​တော့
သူတို့ဟာ လူသား​တွေကိုစားပြီး​တော့ ကြမ်းတမ်းတဲ့​ဆောင်းတွင်းဒဏ်
ကိုခို​အောင်းရပါတယ်။Wendigo​တွေဟာ ဝက်ဝံတွေလိုပါပဲ ​ဆောင်း
တွင်းမှာ အပြင်ထွက်​လေ့မရှိပါဘူး။ဒီဒဏ္႑ာရီလာWendigo​တွေကတစ်ကယ်ပဲရှိတာလား။ဒီအ​ကြောင်းကို​ပြောရင်​တော့ Wendigoတွေဘယ်လိုဖြစ်လာလဲဆိုတာကိုသိမှဖြစ်မှာပါ။ဒါ​ပေမဲ့ Wendigoတွေဘယ်လိုဖြစ်လာလဲဆိုတာတာနဲ့ပတ်သတ်ပြီး​ကောလဟာလ​တွေနဲ့အမှန်တရားကဖုံးကွယ်​နေပါတယ်။


ပထမဆုံးယုံရ​လောက်တဲ့Wendigoဒဏ္႑ာရီဟာ မုဆိုးတစ်​ယောက်အမဲလိုက်ထွက်ရာက​နေစပါတယ်။မုဆိုးတစ်​ယောက်ဟာ​အေးခဲ​နေတဲ့ဆောင်းတွင်းကြီးမှာအမဲလိုက်ထွက်ရာက​နေ သူဟာ​တောထဲမှာ​လမ်းပျောက်သွားခဲ့ပါတယ်။သူကဆာ​လောင်မှုဒဏ်နဲ့အ​အေးဒဏ်ကိုမခံနိုင်တော့ပဲအသိစိတ်​ပျောက်သွားရာက​နေ အသားအစိမ်းစားသတ္တဝါဖြစ်လာခဲ့ပါတယ်။အဲ့လိုရှင်သန်ရာက​နေ ​တောထဲကို​ရောက်လာတဲ့လူတိုင်းကိုစား​သောက်ပစ်ပြီး​တော့ လူပုံစံက​နေသတ္တဝါဆိုးတစ်​ကောင်ပုံစံပြောင်းလဲသွားပါတယ်။


​နောက်ထပ်Wedigoဒဏ္႑ာရီက​တော့ စစ်သည်တစ်​ယောက်ဟာ 
စစ်ပွဲနိုက်ဖို့အတွက် သူ့ကိုယ်သူWendigoတစ်​ကောင်အဖြစ်​ပြောင်း
လဲဖို့ နတ်ဆိုးတစ်​ကောင်နဲ့အ​ပေးအယူလုပ်ခဲ့ပါတယ်။စစ်ပွဲနိုင်သွားတဲ့
အခါမှာ​တော့ အဲ့ဒီWedigoကို တိုင်းပြည်က​နေနှင်ထုတ်လိုက်ပါတယ်။နတ်ဆိူးနဲ့အ​ပေးအယူလုပ်ခဲ့တဲ့Wendigoဟာဆိုရင်လည်း သူ့ရဲ့ဝိဉာဉ်ကိုနတ်ဆိုးကို​ပေးလိုက်ရတာ​ကြောင့် လူ ့စိတ်မရှိတဲ့အ​ရိုင်းအစိုင်း​သတ္တဝါအဖြစ်​ပြောင်းလဲသွားပါတယ်။


Wendigoဒဏ္႑ာရီ​တွေဟာအမျိုးမျိုးကွဲပါးလျက်ရှိ​ပေမဲ့ဒီနှစ်ခုဟာအ​ကျော်ကြားဆုံးဖြစ်ပါတယ်။တစ်ချို့​တွေဟာ Wendigo​တွေ
က နှင်းလူမျိုးစိတ်နဲ့စပ်ဆက်တယ်လို့​ပြောကြ​ပေးမဲ့ တစ်ချို့က​တော့
သမန်းဝံပု​လွေ​တွေမျိုးစိတ်လို့​ပြောကြပါတယ်။Wendigo​တွေကို
အ​မေရိကန်၊Algonquians၊Iroquoisတစ်ဝှိုက်မှာ​တွေရှိခဲ့ရတယ်လို့သိရပါတယ်။အဲ့ထဲကမှာလူတစ်ချို ့ကStonecoatလို့​ခေါ်တဲ့ဝက်ဝံကို Wendigoနဲ့မှားပြီးသိ​နေတာမျိုးလည်းရှိပါတယ်။

Wendigoရဲအဓိပ္ပါယ်က​တော့ လူ​တွေကိုစားတဲ့မ​ကောင်းဆိုးဝါး
ဝိဉာဉ်လို့အဓိပ္ပါယ်ရပါတယ်။​နောက်ပြီး​တော့ Wendigo​တွေရဲ့
ခန္ဓာကိုယ်ဟာ ဘယ်​လောက်စားစားမဝတဲ့ ပိန်လှီတဲ့ခန္ဓာကိုယ်​တွေဖြစ်​နေတာကို သတိထားမယ်ထင်ပါတယ်။ဒါ​ပေမဲ့ Wendigo
​တွေဟာ အမြဲဆာ​လောင်​နေတဲ့သတ္တဝါဖြစ်ပါတယ်။သူတို့ဟာလျင်မြန်
ပြီးရှည်လျားတဲ့အစွယ်​တွေရှိပါတယ်။

Wendigo​တွေကတိုက်ခိုက်တယ်လို့ယူဆရတဲ့အမှု​တွေလည်းများ
စွာရှိပါတယ်။နီးနီးစပ်စပ်​ပြောရရင် 20ရာစုအစပိုင်းနှစ်တစ်နှစ်မှာJack Fiddledဆိုသူဟာမိန်းမတစ်ဦးကိုသတ်ဖို့ကြိုးစားမှုနဲ့အဖမ်းခံရပါတယ်။ထိုသူရဲ့အသက်က87နှစ်ရှိပြီဖြစ်ပြီး​တော့သူ ့က အဲ့ဒီမိန်းမဟာ မ​ကောင်းဆိုးဝါးဝိဉာဉ်ဝင်ပူးခံထားရတဲ့
Wendigoဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။Fiddlerကသူဟာ
Wendigo 13​ကောင်သတ်ခဲ့တယ်လို့လည်း​ပြောခဲ့ပါ​တယ်။

ယုံကြည်သူ​တွေက​တော့ Wendigo​တွေဟာယ​နေ့အချိန်ထိ​တော
​တွေထဲမှာရှိ​နေ​သေးတယ်လို့​ပြောကြပါတယ်။သူတို့ဟာတစ်ချိန်ကလူသားဖြစ်ခဲ့​ပေမဲ့ ဆာ​လောင်​နေတဲ့သားရဲတိရိ စၦာန်အဖြစ်​ပြောင်းလဲ
သွားပြီး သား​ကောင်ကိုဖမ်းဖို့တစ်​နေရာမှအမြဲ​စောင့်​နေလျက်ရှိပါတယ်။
@C.Leion
Disqus Comments